Advertisement

An Interview with the parents of (2) Rohingya who kidnapped by Arakan Army AA.

An Interview with the parents of (2) Rohingya who kidnapped by Arakan Army AA. Two #Rohingya elders kidnapped by #Arakan Army in #Rathedaung
June 12, 2019
AT Correspondent, #Rtd
Two Rohingya elders were kidnapped by Arakan Army ( #AA ) rebels while coming back home by a boat from hospital after receiving treatment on last May 6, 2019.
They were known as Abu Taher (45) s/o Abdu Sukkur (Village Administrator) of Sin Kone Tan village of Luin Taung village tract in Rathedaung and his brother in law Mr Shofiur Rahman (30) s/o Aman Ullah of Thin Ga Na village in #Buthidaung.

AA ဖမ်းဆီးခဲ့သည့် ကျေးရွာတာဝန်ခံ ၂ ဦး တလကျော်ရှိနေသော်လည်း အိမ်သို့ ပြန်မရောက်သေး။
အရာကန်တိုင်းမ်စ် မီဒီယာ
15/06/2019.
ရသေ့တောင်မြို့နယ်၊ဆင်ခုန်းတိုင်ကျေးရွာအုပ်စု၊လွန်တောင်ရွာ တာဝန်ခံ (၁)ဦးအဘူတာဟဲရ်(ဘ)အဒူချုကုရ် နှင့် (၂)ဆရာ ရှောဖီရာမန်(ဘ)အာမာနုလ်လာ တို့ကို လက်ကိုင်အဖွဲ့အစည်း AA မှ ၀၆၊၀၅၊၂၀၁၉ခုတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ခုချိန်ထိ ၎င်းတို့
၂ ဦး အိမ်သို့ပြန်မရောက်သေး ကြောင့်ဒေသခံတဦးက အရာကန်တိုင်းမ်စ် မီဒီယာ သို့သတင်းပေးပို့ထားပါသည်။
ရသေ့တောင်မြိုနယ့်ဆင်ခုန်းတိုင်ကျေးရွာအုပ်စုလွန်တောင်ကျေးရွာနေ ဦးမောင်သိန်းကျော်(ခ)အာဘုလ်ကာလောမ် နေအိမ်သို့ ၂၈၊၀၄၊၂၀၁၉ နေ့ ည၈နာရီတွင် AA လက်နက်ကိုင်၁၅ဦးပါအဖွဲ့တစ်ဖွဲ့ဝင်ရောက်လာကြခဲ့ကာ အိမ်ကိုဝိုင်းရန်ပြီး အကြောင်းမဲ့ ခြိမ်းခြောက်ခဲ့ပါသည်။
ထို့အပြင် ၀၆၊၀၅၊၂၀၁၉ တွင် ဆေးကုသပြီး အကာတောင်မှ စက်လှေဖြင့် ပြန်လာသည့် ရွာတာဝန်ခံဖြစ်သူ
(၁)အာဘူတာဟဲရ်(ဘ)အဒူချုကုရ်
(၂)ရှောဖီရာမန်(ဘ)အာမာနုလ်လာ
(၃)နုရ်အလောမ်(ဘ)မောင်ဂူလာမောတ်
(၄)ချော်ဘူယာ(ဘ)ဟိုက်ဒူရာမာန်တို့ကို မွန်တည်း ၁၂နာရီအချိန် ရသေ့တောင်မြို့နယ် ဇေယျာမြိုင်ရခိုင်ရွာနားသို့ရောက်နေစဉ် AAအဖွဲ့တပ်သား၆ဦးတို့ကစက်လှေနှစ်စီးဖြင့်ချောင်းမြောင်ပစ်ခတ်သဖြင့် အဘူတာဟဲရ်၏ပေါင်သားနှင့်လက်မောင်းတွင်ကျည်ဆံထိမှန်ခဲ့ပါသည်။
ဖမ်းဆီးခေါ်ဆောင်ခဲ့သူ ၄ ဦးအနက် ၂ ဦးကို ၈.၅.၂၀၁၉ နေ့ညဥ့်တွင်ပြန်လွှတ်ခဲ့ပြီး ရွာတာဝန်ခံ အာဘူတာဟဲရ်နှင့်၎င်းယောက္ဖအရင်းဖြစ်သူ ရှော်ဖီရာမာန်တို့အား ယနေ့တိုင် ပြန်လွှတ်ပေးခြင်းမရှိသဖြင့် ၎င်းတို့ ၂ဦးအား သတ်ပစ်ခဲ့သလား၊အရှင်ရှိနေသလား အတိအလင်း မသိရသေးသည့် မိသားစုဝင်များ အလွန်စိုးရိမ့်ကြောက်မက်လျက် ရှိသည့်အပြင် စားစရာမရှိ ဝတ်စရားမရှိခံစားနေရပါသည်။
ရွာသားအကျိုးစီးပွားများကိုပျက်စီးခြင်း၊ကွင်းပြင်မှ ကျွဲ၊နွား များကို ဖမ်းဆီးခြင်း၊ သောကြာနေ့တွင် ဂျူမာ ဝတ်ပြုသူများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း များတွင် ပူးပေါင်းနေကြသော လက်ကိုင်တုတ်များမှာ-
(၁)ဦးအဒူရောဇောက်(ဘ)ဒိလ်မာမောတ်
(၂)ဦးအေနာယောတ်(ဘ)ဒိလ်မာမောတ်
(၃)ဦးအေကာရာမ်(ဘ)ဒိလ်မာမောတ်
(၄)ဦးနုရ်မာမောတ်(ဘ)ဒိလ်မာမောတ်
(၅)ဦးရှောဖီအာလောမ် (ဘ)အီဆလာမ်
(၆)ဦးလာလူ(ဘ)ဆွေယောတ်
(၇)ဦးနုရ်အီဆာလာမ်(ဘ)ဆွေယောတ်တို့ပါဝင်ကြောင်းတင်ပြခဲ့ပါသည်။
အစွန်းရောက်အချို့က လက်နက်ကိုင်အဖွဲ့အစည်းနှင့်ပူပေါင်းပြီးအပြစ်မဲ့ပြည်သူများအားသတ်ပစ်ခြင်း၊ကျေးရွာအတွင်းမှမောင်းထုတ်ခြင်း၊ကျေးရွာသားများအား နေ့စဉ်နှင့်အမျှအကြမ်းဖက်ပြုလုပ်နေလျှက်ရှိကြောင်းသိရပါသည်။
၂၀၁၇ သြဂုတ်လ နောက်ပိုင်း ရသေ့တောင်မြို့နယ်၊ဆင်ခုန်းတန်းကျေးရွာတွင်ကျန်ရှိနေကြသော ရိုဟင်ဂျာများခုလို ရက်စက်ဖိနှိပ်မှုး၊သတ်ပစ်မှုးများ၊ခြိမ်းခြောက်ကိုမခံမရပ်နိုင်၍တစ်ခြားသောရိုဟင်ဂျာရွာသို့ထွက်ပြေးခိုလုံးနေသည့်အပြင်၊ ကျေးရွာကို စောင့်ထိန်းခဲ့သော တာဝန်ခံလည်း မရှိသဖြင့် ရွာသားများစိုးရိမ်မကင်း ဖြစ်နေကြောင်းတင်ပြခဲ့ပါသည်။

ရေး-အာရ်ဖါတ်ခါန်း
အရာကန်တိုင်းမ်စ် မီဒီယာ

#Rohingya,#News,#Khobor,#RohingyaVision,#Rakhine,#DVD,#MRTV,#TV,#RohingyaTV,#Vision,#ArakanToday,#Waaz,#ArakanTV,#RohingyaNews,#ANA,#Arakan,#ArakanTimes,#Myanmar,#Burma,#Burmase,#Mukartv,#Arkane,#RohingyaCrisis,#Song,#Girl,#Women,#Education,#Bangladesh,#Refugee,#Genocide,الروهنجية,‫,#‏الروهينغا‬,#‏أراكان‬,#‏الروهنجيا‬,#‏بورما‬,#‏ميانمار#مسلم#,

Post a Comment

0 Comments